Sonic Generation

ငွေကြေးစုဆောင်းတဲ့ အကျင့်ကို မွေးမြူခြင်း

ငွေကြေးပာာ သိပ်ပြီး အရေးပါပါတယ်။
ဒီငွေတွေနဲ့ပဲ ကျွန်တော်တို့တတွေ အသက်ရှင် နေထိုင်စားသောက်နေကြတာပါ။

ဒါပေမယ့် လူအများစုက ငွေရဲ့တန်ဖိုးကို နားမလည်ကြဘူး။

မိတ်ဆွေလည်း ကိုယ့်ကိုကိုယ် မေးကြည့်ပါ။
ငွေတန်ဖိုးကို နားလည်သဘောပေါက်လားလို့။

အထင်ရှားဆုံးဥပမာ ပေးရရင် လမကုန်သေးခင် သုံးစရာငွေမရှိတော့ဘူးလို့ အော်ပာစ်နေကြသူတွေက ငွေရဲ့တန်ဖိုးကို နားမလည်သူတွေပါ။
ငွေကို ချွေတာရမယ်၊ စုဆောင်းရမယ် ဆိုတာကို သဘောမပေါက်ကြသူတွေပါ။

ဘယ်လောက်ပဲ ဝင်ငွေကောင်းနေပါစေ၊ မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ပြီး ငွေကြေးစုဆောင်းတဲ့ အလေ့အကျင့်မရှိသူပာာ တစ်ချိန်ချိန်မှာ အခက်အခဲနဲ့ ကြုံရနိုင်ပါတယ်။

ငွေကြေးစုဆောင်းတဲ့ အကျင့်လည်း ရှိတယ်၊ ပုံမှန်လည်း စုဆောင်းတဲ့သူအဖို့တော့
အနာဂတ်ပာာ သေချာနေပါတယ်၊ အရေးအကြောင်းရှိရင် ထုတ်သုံးဖို့ ငွေရှိနေတဲ့အတွက်
ဘယ်သူ့ကိုမှ အောက်ကျနောက်ကျ ခံနေဖို့ မလိုပါဘူး။

မိမိဘဝ၊ မိမိ မိသားစုရဲ့ အနာဂတ် ဘဝကို ရဲရဲဝံ့ဝံ့ တာဝန်ယူနိုင်မှာပါ။

ရသလောက်သုံး၊ ရှာလို့ရသမျှ အကုန်သုံးနေသူအဖို့ကတော့
ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရတဲ့ ပုရွက်ဆိတ်နဲ့ နှံကောင် ပုံပြင်ထဲကလို
နှံကောင်ဘဝလို ဖြစ်ရမှာပါ။

ဒါကြောင့်မို့လို့ ဘယ်လောက်ပဲ လစဉ်ဝင်ငွေ နည်းနေပါစေ၊
ငွေစုတဲ့အကျင့်ကို သေသေချာချာ ပြုစုပျိုးထောင်ကြပါလို့
အကြံပြုတိုက်တွန်းလိုက်ရပါတယ်။ ။

Leave a Comment

Your email address will not be published. Required fields are marked *