Sonic Generation

ဇွဲနှင့် ဝီရိယ အကြောင်း

Unicode

မိတ်ဆွေပာာ ဇွဲ ရှိတဲ့သူလား။
ဝီရိယ ရှိတဲ့ သူလား။
ဘာတွေ ကွာပါသလဲ။

နှစ်ခုလုံးကတော့ ကြိုးစားအားထုတ်ခြင်းပါ။ ဒါပေမယ့် ဇွဲ ကတော့ စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်ခြင်းလို့ ဆိုမှ မှန်ပါလိမ့်မယ်။

ဥပမာ ပြောရရင် စာမေးပွဲနီးမှ နေ့မအိပ်၊ ညမအိပ် ကုန်းရုန်းပြီး ကျက်တဲ့ ကျောင်းသားမျိုးရဲ့ ကြိုးစားအားထုတ်မှုမျိုးကိုတော့ ဝီရိယ ရှိတယ်လို့ဆိုနိုင်ပြီး နှစ်စကတည်းက ပုံမှန်ကြိုးစားလာတဲ့ ကျောင်းသားမျိုးကိုတော့ ဇွဲရှိတဲ့ ကျောင်းသားလို့ ဆိုရမှာပါ။

ရေတိုမှာ ဝီရိယရှိသူနဲ့ ဇွဲရှိသူ သိပ်မကွာပေမယ့် ရေရှည်မှာတော့ ဇွဲရှိသူကပဲ နှာတဖျားသာသွားမှာပါ။ ဘာဖြစ်လို့လဲဆိုရင် အလုပ်တစ်ခုကို deadline နားရောက်မှ နေ့မအိပ်၊ ညမအိပ်ကြိုးစားပြီး ပြီးအောင် လုပ်ဖို့က သိပ်မခက်ပေမယ့် အလုပ်တစ်ခုကို ကာလရှည် မပျင်းမရိပဲ တစိုက်မတ်မတ်လုပ်နေဖို့က သိပ်ပြီး ခဲယဉ်းပါတယ်။

ပညာရပ်တစ်ခုကို တစ်နေ့တစ်နာရီလောက်ပဲ သုံးနှစ်ဆက်တိုက် နေ့စဉ်မပျက်မကွက် လေ့လာရင် ပညာရည်ပြည့်ဝတဲ့သူ ဖြစ်လာနိုင်တယ်လို့ အဆိုရှိပါတယ်။ အင်္ဂလိပ်စာကို မူကြို ကနေ ဘွဲ့ရတဲ့အထိ သင်ခဲ့ကြရပေမယ့် အချို့တွေက ကောင်းကောင်းတတ်ပြီး အချို့တွေက ကောင်းကောင်း မတတ်ရတဲ့ အကြောင်းကတော့ ဇွဲရှိရှိနဲ့ သင်ယူလေ့လာမှုလုပ်ခြင်း မလုပ်ခြင်းက အများကြီး စကားပြောပါတယ်။

လောကမှာ အောင်မြင်နေတဲ့ သူတွေကို ကြည့်ရင် သူတို့ယုံကြည်တဲ့အလုပ်ကို တစိုက်မတ်မတ် နှစ်ရှည်လများ လုပ်ကိုင်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့်မို့လို့ အောင်မြင်မှုရရှိချင်ရင် ဘယ်အရာမဆို တစိုက်မတ်မတ် စွဲစွဲမြဲမြဲလုပ်နိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ပာိုနည်းနည်း၊ ဒီနည်းနည်း၊ ပာိုယောင်ယောင်၊ ဒီယောင်ယောင် နဲ့ ယောင်ခြောက်ဆယ်လုပ်နေရင်တော့ ဘဝမှာ ဘယ်အရာကိုမှ ထူးထူးခြားခြား ပြောင်ပြောင်မြောက်မြောက်ဖြစ်အောင် လုပ်နိုင်မှာ မပာုတ်ပါဘူး။

Leave a Comment

Your email address will not be published. Required fields are marked *