Sonic Generation

အသင့်တော်ဆုံးသူတွေသာ ရှင်ကျန်သည်

ဒုတိယကမ္ဘာစစ်အကြောင်း ရုပ်ရှင်ကားတွေ ကြည့်ဖူး၊ စာအုပ်တွေလည်း ဖတ်ဖူးကြတော့ မိတ်ဆွေတို့လည်း အတော်လေး ရင်းနှီးကျွမ်းဝင်မှုရှိကြမှာပါ။

ဒုတိယကမ္ဘာစစ်နဲ့အတူ သန်းချီ အသတ်ခံရတဲ့ ဂျူ းလူမျို းတွေ၊ နာဇီငရဲခန်းတွေ၊ အစုလိုက်အပြုံ လိုက်သတ်ဖြတ်တဲ့ ဓာတ်ငွေ့ခန်းတွေ……. ဒါတွေကိုလည်း မိတ်ဆွေ ကြားဖူးနေမှာပါ။

ဒီလိုအခြေအနေဆိုးကြီးနဲ့ ကြုံ တွေ့ခဲ့ရတာတောင် အသက်ရှင်ကျန်ရစ်ခဲ့ သူတွေ ရှိခဲ့ပါတယ်။ သူတို့တွေဟာ ကံကောင်းရုံသက်သက်နဲ့တော့ ရှင်ကျန်ရစ်ခဲ့တာ မဖြစ်နိုင်ပါဘူး။ သူတို့တွေမှာ သာမန်လူတွေထက် ပိုမိုထူးခြားတဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်ထားပါတယ်။

ဒါကတော့ “အကောင်းမြင်စိတ်” ပါ။

ဒီလိုမျို း သေဘေးနဲ့ အချိန်မရွေးနီးကပ်နေတဲ့ အချိန်အခါမျို းမှာ အကောင်းမြင်စိတ်ထားဖို့ဆိုတာ အတော်လေး မလွယ်ကူပါဘူး။

သူတို့တွေ အတွက်ကတော့ ဒီလိုမဟုတ်ခဲ့ပါဘူး။

နေ့ရက်တိုင်းမှာ မျှော်လင့်ချက်နဲ့ ရှင်သန်တယ်။

တစ်ရက်ကုန်သွားတိုင်း သူတို့ချစ်မြတ်နိုးရတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ပြန်လည်ဆုံတွေ့ဖို့ တစ်ရက် ပိုနီးလာပြီလို့ယုံကြည်ထားတယ်။

ပေါင်မုန့်လေး တစ်ဖဲ့၊ ရေလေး တစ်ငုံလောက် သောက်ရရင်တောင် ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးကို ချီးမွမ်းတယ်။

ကိုယ်တိုင် ငတ်ပြတ်နေပေမယ့် ကိုယ့်ထက် ကျန်းမာရေးအခြေအနေ မကောင်းတဲ့သူတွေကို ကိုယ့်ဝေစုထဲက ပြန်လည် ဝေမျှပေးတယ်။

မသေပဲ အသက်ရှင်နေသေးသမျှ ကာလပတ်လုံး တစ်နေ့နေ့တော့ သူတို့အိမ်ကို ပြန်ရောက်ရမယ်လို့ အခိုင်အမာ ယုံကြည်ထားတယ်။

ငရဲပြည်တမျှ ပင်ပန်းဆင်းရဲလှတဲ့ နှစ်တွေမှာ လူအများကြီး
သေဆုံးခဲ့ကြသည့်တိုင် ဒီလို စိတ်ထား၊ ဒီလို ခံယူချက် ရှိခဲ့တဲ့သူတွေ ကတော့ နောက်ဆုံး အသက်ရှင်ကျန်ရစ်ခဲ့ကြပါတယ်။

ဒုက္ခမျို းစုံကို ခံယူနိုင်ခဲ့တဲ့၊ အခက်အခဲမျို းစုံကို ကျော်လွှားနိုင်ခဲ့တဲ့ အခြေအနေနဲ့ အချိန်အခါမှာ လိုက်လျောညီထွေဖြစ်အောင် နေနိုင်ခဲ့တဲ့ အသင့်တော်ဆုံးသူတွေသာ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ လတ်တလော ကြုံတွေရတဲ့ အခက်အခဲတွေဟာ နောင်တစ်ချိန်ကျရင် ဟာသတစ်ခုလို ပေ့ါပါးစွာနဲ့ ရယ်မောစွပြီး ပြောပြနိုင်ကြတာ များပါတယ်။

ဒါကြောင့် ကျွန်တော်တို့ တစ်တွေဟာလည်း ဒုက္ခတွေ၊ အခက်အခဲတွေ ကြုံတွေ့ရတိုင်း အကောင်းမြင်စိတ်ကို လက်ကိုင်ထားပြီး ကြံ့ကြံ့ခိုင် တွန်းလှန်နိုင်ကြဖို့ လိုအပ်ပါတယ်

Leave a Comment

Your email address will not be published. Required fields are marked *