Sonic Generation

ယုံကြည်ခြင်းရဲ့ စွမ်းပကား

“ယုံကြည်ခြင်းက တောင်တွေကိုတောင် ရွှေ့နိုင်တယ်” ဆိုတဲ့ စကားကို မိတ်ဆွေကြားဖူးပါသလား၊

ယုံကြည်စိတ် ထက်သန်ပြင်းပြခြင်းဟာ မဖြစ်နိုင်ဘူးလို့ လူအများထင်နေကြတဲ့ အရာတွေကို ဖြစ်လာနိုင်အောင် စွမ်းဆောင်ပေးနိုင်တဲ့ တန်ခိုးစွမ်းအားတွေရှိနေပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည်ကို နယ်ချဲ့လက်အောက်က လွတ်မြောက်အောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် လွတ်လပ်ရေးကို ရယူပေးနိုင်ခဲ့တယ်။

အမေရိကန်သမ္မတ အေဗရာဟမ်လင်ကွန်းက ကျွန်စနစ်ကို ပပျောက်အောင်လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည့်တိုင် လူမည်းတွေကို ကျွန်ပြု သည့်စနစ်ကို ဖျက်သိမ်းနိုင်ခဲ့ပါတယ်။

ကမ္ဘာပေါ်က လုပ်ငန်းတိုင်း၊ ကုမ္ပဏီတိုင်းရဲ့ စားပွဲပေါ်မှာ ကွန်ပြူ တာတွေရှိနေရမယ်လို့ ယုံကြည်ခဲ့တဲ့အတွက် လက်တွေ့ဖြစ်လာအောင် ဖန်တီးပေးနိုင်ခဲ့သူ ဘီလ်ဂိတ်ကလည်း ကမ္ဘာ့အချမ်းသာဆုံး ဖြစ်လာခဲ့ပါတယ်။

အင်တာနက်ကုမ္ပဏီကြီးတည်ထောင်နိုင်ရမယ်လို့ ယုံကြည်ခဲ့တဲ့အတွက်သာမန်ကျောင်းဆရာဘဝကနေ သန်းကြွယ်သူဌေး၊ အလီဘာဘာကုမ္ပဏီ ပိုင်ရှင်အဖြစ်သို့ ဂျက်မား ဖြစ်လာခဲ့ပါတယ်။

အို……..

မိတ်ဆွေ………

သင့်မှာရော ယုံကြည်ချက် တစ်စုံတရာ ရှိပါသလား။

သင့်ရဲ့ယုံကြည်ချက်ကြောင့် အောင်မြင်ခဲ့ဖူးတာတွေဟာ စာဖတ်သူမိတ်ဆွေတွေအတွက် စိတ်ဓါတ်ခွန်အား ဖြစ်စေမှာမို့ မျှ
ဝေပေးခဲ့ခဲ့ပါဦးလို့….တိုက်တွန်းပါရစေ။

Leave a Comment

Your email address will not be published. Required fields are marked *