Sonic Generation

Financial Market Vs Extra Income

လူ့လောကမှာ လူရယ်လို့ ဖြစ်လာကြတဲ့ လူသားတိုင်းရဲ့ အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့ စား၊ ဝတ်၊ နေ၊ ရေး ဆိုတဲ့ အချက်တွေကြောင့် လူတိုင်း လူတိုင်းဟာ အချိန်တန် အရွယ်ရောက်တာနဲ့ အလုပ်ကိုယ်စီ လုပ်ကြရပါတယ်။

အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စား၊ ဝတ်၊ နေရေး ဆိုတာတွေကို မိမိရရှိတဲ့ ဝင်ငွေနဲ့ လောက်ငှအောင် သုံးစွဲနေကြရပါတယ်။

မိမိတတ်မြောက်ထားတဲ့ ပညာ၊ ရရှိထားတဲ့ ဘွဲ့တွေအပြင် ပင်ကိုယ်အရည်အသွေးတွေပေါ်မှာ မူတည်ပြီး လုပ်ခ လစာတွေ ရရှိကြပါတယ်။

တချို့လည်း ကိုယ်ပိုင် လုပ်ငန်း စွန့်ဦးတီထွင်ကြသူတွေ ရှိသလို၊ တချို့လည်း မိဘရဲ့ လုပ်ငန်းမှာ ပြန်လည် ဦးစီးကြပြီး မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေ ရှာဖွေကြပါတယ်။

အားလုံးသိကြတဲ့အတိုင်းဘဲ….
ဟိုး….အရင်ခေတ်တွေကဆိုရင် အိမ်ထောင်တစ်ခုမှာ လူတစ်ဦး အလုပ်လုပ်ရင် မိသားစု တစ်ခုလုံး လောက်ငှ ခဲ့ကြပေမယ့် ယခုခေတ်အချိန်အခါမှာ လူမှုရေး၊ စီးပွားရေး၊ နည်းပညာ တွေ ဖွံ့ဖြိုးတိုးတက်လာတာတွေနဲ့ အပြိုင် အသုံးစရိတ်တွေဟာလည်း များပြားတိုးတက်လာပါတယ်။ ဒါကြောင့် ယနေ့ အချိန်အခါမှာ အိမ်ရှိ ကလေးသူငယ်နဲ့ (နာမကျန်း) အဘိုးအဘွားတို့ကလွဲရင် ကျန်းမာသူတိုင်းအားလုံးနီးပါးဟာ မိမိနိုင်ရာ တာဝန်ကို ထမ်းပြီး မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေကြရပါတယ်။

အထက်က ပြောခဲ့သလိုဘ မိမိတတ်ကျွမ်းထားတဲ့ ပညာရပ်တွေ၊ အသိပညာတွေ၊ အတတ်ပညာတွေ၊ ဘွဲ့လက်မှတ်တွေ၊ ပင်ကိုယ်အရည်အချင်းတွေပေါ်မှာ မူတည်ပြီး ရရှိတဲ့ လုပ်ခလစာတွေနဲ့ ဘဝတွေကို တည်ဆောက်နေကြရပါတယ်။

ဒီလိုမျိုး ဘဝကို ရပ်တည်ကြရာမှာ လူအချို့ကတော့ ဝင်ငွေကို ပိုမိုရှာဖွေဖို့ထက် ရရှိထားတဲ့ လစာနဲ့ လောက်ငှအောင် သုံးကြဖို့သာ အာရုံထားကြပါတယ်။

အချို့လူတွေကတော့ ရရှိတဲ့ ဝင်ငွေနဲ့ အသုံးစရိတ်တွေ မလောက်ငှတဲ့အခါ ရုံးချိန်ပြင်ပ အချိန်တွေမှာ အချိန်ပိုင်း အလုပ်တွေလုပ်ပြီးတော့ ဖြစ်ဖြစ်… တစ်နိုင်တစ်ပိုင်း ရင်းနှီးငွေလေးတွေနဲ့ ဖြစ်ဖြစ် အပိုဝင်ငွေ ရှာဖွေဖို့ ကြိုးစားကြပါတယ်။

အချို့လူများကတော့ ဝင်ငွေ ပိုမိုရရှိဖို့ အတွက် ပညာရေးကို အားကိုးပြီး ဦးနှောက်မှာ ရင်းနှီးမြှုပ်နှံကြလေ့ ရှိပါတယ်။ လက်ရှိ ရပ်တည်နေရတဲ့ ဘဝထက် သာလွန်ကောင်းမွန်တဲ့ ဘဝကို ရောက်ရှိဖို့ ကြိုးစားရာမှာ ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံခြင်းဆိုတာဟာ အားလုံးသိတဲ့အတိုင်း အကောင်းဆုံးနည်းလမ်း တစ်ခုဘဲ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိအလုပ်တစ်ဘက်နဲ့ ငွေစုပြီး ရုံးချိန်လွတ် သင်တန်းတွေကို တက်ပြီး မိမိတို့ရဲ့ အိပ်မက်တွေအတိုင်း လက်တွေ့ အကောင်အထည်ဖော်ကြပါတယ်။

တကယ်တော့… အခုလို ခေတ်ကာလမျိုးမှာ ဝန်ထမ်းတွေရော… ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူတွေရော ဝင်ငွေ တစ်ခုတည်းအပေါ်မှာ မှီခိုဖို့ဆိုတာ သိပ်မလွယ်ကူတော့ပါဘူး။

ဒါကြောင့် …. မိမိတို့ရဲ့ ဘဝတွေ အဆင်ပြေ ချောမွေ့ပြီး အနာဂါတ်မှာ လှပကောင်းမွန်နိုင်ဖို့အတွက် မိမိတို့ရဲ့ ရည်မှန်းချက် အိပ်မက်တွေ ရှိတဲ့အတိုင်း ပညာရပ်တွေကို လက်တွေ့သင်ယူလာကြတာဟာ အင်မတန်မှ ကောင်းမွန်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

ခေတ်ကာလ အနေအထားအရ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို မူတည်ပြီး လမ်းကြောင်းမှန်ကန်စွာ ရွေးချယ် နိုင်ဖို့လည်း လိုအပ်ပါတယ်။ မိမိရွေးချယ်ထားတဲ့ လမ်းကြောင်းဟာ အနာဂါတ်မှာ ဆက်လက်တည်မြဲနေနိုင်တဲ့ လမ်းကြောင်းဖြစ်ဖို့ လိုအပ်ပါတယ်။

အခုဆိုရင်…. မြန်မာနိုင်ငံမှာ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ငွေကြေးစီမံခန့်ခွဲမှု ကဏ္ဍ စသဖြင့် တိုးတက်ပြောင်းလဲနေပါတယ်။ ဒီလို ပြောင်းလဲတိုးတက်နေမှုတွေကို လေ့လာပြီးမှ ရွေးချယ်သင့်ပါတယ်။

မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲလာမှုတွေထဲက တစ်ခုဖြစ်တဲ့ Financial Market (ဘဏ္ဍာရေးဈေးကွက်) ဟာ အခုချိန်မှာ အရမ်းမဖွံ့ဖြိုးသေးပေမယ့် ဖွံ့ဖြိုးတဲ့နိုင်ငံတိုင်းရဲ့ အခြေခံ အခန်းကဏ္ဍတစ်ခု ဖြစ်တာမို့ သိပ်မကြာခင်မှာ ပွင့်လင်းဖွံ့ဖြိုးလာနိုင်တဲ့ ကဏ္ဍမျိုးပါ။

လုပ်ငန်းဌာနတွေမှာ နေရာကောင်းကောင်းရတဲ့သူတွေဟာ အစောဆုံးဝင်ရောက်လာတဲ့ သူတွေသာ အဖြစ်များတယ်ဆိုတာဟာလည်း… အားသုံးသိကြတဲ့အတိုင်းပါဘဲ။ ဒါကြောင့် မကြာခင်ဖွံ့ဖြိုးတိုးတက်လာတော့မယ့် Financial Market ထဲမှာ ပညာသင်ကြားရင်း ရင်းနှီးမြှုပ်နှံမယ် ဆိုရင်တော့ နေရာစောစောဦးထားသလိုပါဘဲ……။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် Financial Market ဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ Financial Market ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို နားလည်လွယ်အောင် ရှင်းရမယ်ဆိုရင်တော့…. ငွေကြေးချမ်းသာကြွယ်ဝတဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေတွေကို အစိုးရနဲ့ ကုမ္ပဏီတွေကနေ ချေးငှားပြီးတော့ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းတွေဖြစ်တဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဆောက်လုပ်ရေး ကျန်းမာရေး အစရှိတဲ့ အခန်းကဏ္ဍတွေမှာ အသုံးပြု စီးပွားရှာပြီးတော့ နိုင်ငံရဲ့ ဝင်ငွေတွေကို လည်ပတ်စီးဆင်းစေတာ ဖြစ်ပါတယ်။

Financial Market ထဲမှာတော့…. Bond Market, Stock Market, Forex Market (Foreign Exchange Market, Others Market, Derivative Market တို့ပါဝင်ပါတယ်။

အခုဆိုရင် Stock Market အဖြစ် YSX လို့ခေါ်တဲ့ Yangon Stock Exchange လည်း မြန်မာနိုင်ငံမှာ ပေါ်ထွန်းလာခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူသိများလာတဲ့ Forex Market လို့ခေါ်တဲ့ Foreign Exchange Market ဟာလည်း Financial Market ထဲက တစ်ခု အပါအဝင်ဖြစ်ပါတယ်။

Forex Market ဆိုတာ Foreign Exchange Market ဆိုတဲ့အတိုင်း နိုင်ငံခြားငွေကြေးတွေကို အရောင်းအဝယ်လုပ်တဲ့ ဈေးကွက်တစ်ခု ဖြစ်ပါတယ်။

USD,EUR,JPY,AUD,CAD,CHF,GBP,NZD စတဲ့ နိုင်ငံကြီးတွေရဲ့ ငွေကြေးတွေ အပြင် ထိုင်းဘတ်၊ ယွမ်.. စတဲ့ နိုင်ငံငယ်တွေရဲ့ ငွေကြေးတွေကိုပါ အရောင်းအဝယ်လုပ်လို့ ရပါတယ်။

Forex Market ဟာဆိုရင် တစ်ရက်မှာ ၂၄ နာရီလောက် ဈေးကွက်ဖွင့်ပါတယ်။ စနေ၊ တနင်္ဂနွေ နေ့တွေမှာတော့ ဈေးကွက်ပိတ်ပါတယ်။ တစ်ပတ်မှာ ၅ ရက်၊တစ်ရက်ကို ၂၄ နာရီလုံး အရောင်းအဝယ် လုပ်နေလို့ ရတဲ့အတွက် ငွေဖြစ်လွယ်မှု မြန်ပြီး လူကြိုက်များတဲ့ ဈေးကွက်တစ်ခု ဖြစ်တဲ့အပြင် တစ်ရက်ကို $5.3 Trillion လောက်လည်ပတ်နေတဲ့အတွက် ကမ္ဘာ့အကြီးဆုံး Market တစ်ခုအဖြစ်ရပ်တည်နေပါတယ်။

Forex Market ကို ဘယ်သူတွေ ဝင်ရောက်ပြီး အရောင်းအဝယ်လုပ်နေကြလည်း ဆိုရင်တော့….

နိုင်ငံတကာ Private Bank တွေ၊ အစိုးရဘဏ်တွေ၊ Central Bank တွေ၊ Institutional တွေ၊ Company တွေ၊ Hedge Fund တွေ၊ Investor တွေ၊ Forex Trader တွေ စသဖြင့် ဝင်ရောက် အရောင်းအဝယ်လုပ်နေကြတာပါ။

Forex Market ဟာ အားသာချက်များစွာ ရှိသလို အားနည်းများလည်း ရှိပါတယ်။ စနစ်တကျ သင်ယူလေ့ကျင့်ထားခြင်းမျိုး မရှိဘဲ ဝင်ရောက်လုပ်ကိုင်မယ်ဆိုရင်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ကြုံတွေ့ရနိုင်ပါတယ်။ Forex Market ဟာ တစ်ရက်ကို ၂၄ နာရီပတ်လုံး အရောင်းအဝယ်လုပ်လို့ ရနိုင်တာမို့ စနစ်တကျ သင်ကြားမှုမျိုးမလုပ်ဘဲ မတော်လောဘနဲ့ ဝင်ရောက်လုပ်ကိုင်မယ် ဆိုရင်တော့ လုံးဝမလုပ်သင့်တဲ့ Market တစ်ခုဖြစ်ပါတယ်။ ပညာရပ်အခြေပြု ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခု ဖြစ်တာမို့ စနစ်တကျ သင်ယူမထားဘဲ မလုပ်ကိုင်သင့်ဘူးလို့ အထူးသတိပေးချင်ပါတယ်။

မြန်မာနိုင်ငံကို Forex Market စတင်ရောက်ရှိချိန်တွေတုန်းက ငွေကြေးအရင်းအနှီး ဒေါ်လာ တစ်သောင်း (မြန်မာငွေ သိန်းတစ်ရာ့ငါးဆယ်) လောက်မှ မရှိရင် လုပ်ကိုင်လို့ မရပါဘူး။ အခုချိန်မှာတော့ အရင်းအနှီး ငွေတစ်သိန်းခွဲ ကျပ်ဝန်းကျင် (ဒေါ်လာတစ်ရာ) လောက်ကနေ စပြီး လုပ်ကိုင်လို့ ရနေပါပြီ။ ဒါကြောင့် စနစ်တကျ သာ သင်ယူတတ်မြောက်ထားမယ်ဆိုရင် ကောင်းမွန်တဲ့ လုပ်ငန်းတစ်ခုအဖြစ် အခွင့်အလမ်း ရရှိစေမှာ ဖြစ်ပါတယ်။

တကယ်တော့ Forex Market ဟာ စနစ်တကျ လေ့လာသင်ယူ လေ့ကျင့်ပြီးမှ ဝင်ရောက်လုပ်ကိုင်သင့်တာပါ။ စနစ်တကျ သင်ယူပြီး လုပ်ကိုင်မယ် ဆိုရင်တော့ အင်မတန် ကောင်းမွန်တဲ့ ဝင်ငွေလမ်းကြောင်း တစ်ခုကို ဖန်တီးနိုင်ပါတယ်။ လက်ရှိ အလုပ်အကိုင်ကိုလည်း ဖျက်စရာမလိုဘဲ ငွေကြေးအရင်းအနှီးအနည်းငယ် နဲ့ စတင်လို့ ရပါတယ်။ Online ကနေ လုပ်ရတာ ဖြစ်တဲ့အတွက် အင်တာနက်ရှိသည့် မည့်သည့်နေရာမှ မဆို လုပ်ကိုင်နိုင်တဲ့ အတွက်ကြောင့် Company ဝန်ထမ်းတွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေအပြင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်တွေပါ Forex Market မှာ ဝင်ရောက် လုပ်ကိုင်နိုင်ပါတယ်။ ဒီလို လုပ်ကိုင်ခြင်းအားဖြင့် ဝင်ငွေလမ်းကြောင်းတစ်ခု ထပ်တိုးစေပါတယ်။

ကျနော်တို့ Sonic Generation ကနေ သင်ကြားတဲ့ နည်းပညာရပ်တွေနဲ့ဆိုရင် Forex Trading ပြုလုပ်ဖို့ တစ်ရက်ကို အချိန် (၂)နာရီဘဲ ပေးဖို့ လိုအပ်ပါတယ်။

သင်တန်းတက်ချိန်ကာလမှာသာ (လိုအပ်ရင်)လက်ရှိ အလုပ်ကနေ ခွင့်ယူကောင်း ယူရနိုင်ပါတယ်။ Forex Market ရဲ့ အားသာချက်တွေကို သိတဲ့ လူတွေကတော့ တစ်နယ်တစ်ကျေးကနေတောင် လက်ရှိအလုပ်ကို ခွင့်ယူပြီး အမြန်ဆုံး သင်တန်းလာတက်ကြပါတယ်။ ဘာဖြစ်လို့လည်းဆိုရင်… Company ဝန်ထမ်းဘဲ ဖြစ်ဖြစ်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်ဘဲ ဖြစ်ဖြစ် ဒီပညာရပ်ကို စောစောစီးစီး စနစ်တကျ တတ်မြောက်ထားမယ် ဆိုရင် အခြားလူးတွေကို မှီခိုစရာမလိုဘဲ မိမိကိုယ်ပိုင်ပညာရပ်နဲ့ စောစောစီးစီး ဝင်ငွေ ရှာဖွေနိုင်မှာမို့ပါ။ အကယ်၍များ မိမိဟာ ရုံးမတက်နိုင်၊ အလုပ်မဆင်းနိုင်တော့တဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရမယ် ဆိုရင်တောင် ဦးနှောက်နဲ့ လက်တစ်ဖက် ကောင်းနေသေးသရွေ့ မိမိပညာရပ်နဲ့ ဘယ်သူ့ကိုမှ မှီခိုစရာမလိုဘဲ ဝင်ငွေ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံတော်တော်များများရဲ့ တက္ကသိုလ်တွေမှာတော့ Financial Market ကို Minor Subject အဖြစ် မသင်မနေရ သင်ယူကြရပါတယ်။

အခု ကျွန်ုပ်တို့ရဲ့ Sonic Generation ကနေ ဖွင့်လှစ်သင်ကြားတဲ့ Course တွေမှာတော့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး စာတွေ့လက်တွေ့ သင်ခန်းစာတွေ ပါဝင်မှာ ဖြစ်ပါတယ်။ စာကျက်ဖို့ မလိုအပ်ဘဲ လက်တွေ့ကိုသာ ဦးစားပေး သင်ကြားပေးတာဖြစ်လို့ လူကြိုက်များကြတယ်ဆိုရင်လည်း
မမွားပါဘူး။

အသက်အရွယ်၊ ပညာအရည်အချင်း ကန့်သတ်ချက် မရှိပေမယ့် အခြေခံပညာ အထက်တန်းအဆင့်လောက်တော့ အနည်းဆုံးရှိမယ် ဆိုရင် ပိုပြီး သင့်တော်ပါတယ်။ အဓိက အရေးအကြီးဆုံးကတော့ ကွန်ပျူတာကို အခြေခံ အသုံးပြုနိုင်ရမှာ ဖြစ်ပါတယ်။

သင်တန်းနဲ့ ပတ်သက်ပြီး ဆက်သွယ် စုံစမ်းချင်ရင်တော့…
Sonic Generation Page ရဲ့ Messenger ကနေသော်လည်းကောင်း၊ 09 – 7840 20 646, 09 44 000 2505 သို့ လည်းကောင်း ဆက်သွယ်စုံစမ်း မေးမြန်နိုင်ပါတယ်။

Zawgyi































မမွားပါဘူး။



Leave a Comment

Your email address will not be published. Required fields are marked *