Sonic Generation

ဘဝကို နောက်တစ်ကြိမ် ပြန်စခွင့်ရှိမယ်ဆိုရင်….

မလုပ်ခဲ့ဖူးတာ မသင်ခဲ့ဖူးတာတွေလုပ်ကြည့်ခဲ့ချင်တယ်။ငယ်ရွယ်စဉ် အချိန်တွေကို နှမြောမိတယ် လုပ်သင့်တာတွေမလုပ်ခဲ့မိလို့နောင်တရတာ မရှိအောင်နေချင်တယ်။ ပိုအောင်မြင်အောင်ကြိုးစားမယ်။
ကျွန်တော် အနားယူမယ်။ လေ့ကျင့်ခန်းပိုလုပ်မယ်။ချစ်ရတဲ့သူတွေကို အချိန်ပေးမယ်။
ခရီးထွက်နေချိန် အလုပ်အကြောင်း မစဉ်းစားပဲ နေမယ်။
ဖြစ်ပျက်နေတာတွေကို သိပ်ပြီး အရေးတကြီး ခံစားမှာ မပာုတ်တော့ဘူး။
အခွင့်အရေးတွေကို များများ ဖမ်းဆုပ်မယ်။
ခရီးများများသွားမယ်။သင်တန်းတွေတက်မယ် လေ့လာမယ်။
တောင်တွေပေါ်တက်မယ်။ မြစ်တွေထဲ ရေဆင်းကူးမယ်။
ရေခဲမုန့်များများစားမယ်။ ပဲတော့ နည်းနည်းပဲ စားတော့မယ်။
ပြဿနာတွေက ရှိနေဦးမှာ ဖြစ်ပေမယ့်လည်း အကြောင်းမဲ့ တွေးပူမနေတော့ဘူး။
တစ်နာရီချင်း၊ တစ်ရက်ချင်းစီကို ပျော်ပျော်ရွှင်ရွှင်နဲ့ အချိန်ကုန်ဆုံးစေမယ်။ကျန်းမာရေး ဂရုစိုက်မယ်။

အဲ့ဒီအချိန်တွေကို ပြန်လိုချင်တယ်။ ပြန်ရရင် ဒါတွေကို ထပ်ကာ ထပ်ကာ ပြန်ုလုပ်ချင်တယ်။ တခြားဘာမှ မလိုချင်ပါဘူး။ အဲ့ဒီအချိန်လေးတွေကိုပါပဲ။

အရင်က မကြိုးစားမိ၊ အချိန်ပေးသင့်တာတွေ မပေးခဲ့မိတာတွေ၊ အပျင်းထူ မိတာတွေ အတွက်လည်း နောင်တရတယ်

အရင်အချိန်တွေသာ ပြန်ရမယ်ဆိုရင် ပေါ့ပေါ့ပါးပါးပဲ ခရီးသွားတော့မယ်။ ခြေဗလာနဲ့ နှင်းတောထဲ လမ်းလျှောက်မယ်။ မိုးရေထဲလည်း အကြာကြီး လမ်းလျှောက်မယ်။
ကပွဲတွေဆီ များများသွားမယ်။ စက်ဘီးစီးမယ်။ ဒိုင်ယာရီ များများရေးမယ်။

အချိန်လွန်မှ နောင်တ မရအောင် ဘဝလမ်းကို အကောင်းဆုံး လျှောက်လှမ်းကြပါစို့

Leave a Comment

Your email address will not be published. Required fields are marked *