Sonic Generation

Forex Trading မလုပ်ကြပါနဲ့….

Forex Trading ဆိုတာ အန္တရာယ်များတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ Forex Trading ကြောင့် ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ကြရပြီး Forex Market ထဲက ထွက်သွားကြတဲ့ လူတွေ အများကြီးပါ။ တချို့ကတော့ Forex Trading ဆိုတာ လောင်းကစားလို့ ထင်မှတ်သွားကြပါတယ်။ Forex Trading ပြုလုပ်နေကြသူတွေရဲ့ 90% ဟာ ဆုံးရှုံးနေကြပါတယ်။ ဒါကြောင့် Forex Trading မပြုလုပ်သင့်ပါဘူးလို့ တချို့ကပြောကြပါတယ်။

ဘာ့ကြောင့် အန္တရယ်များတာလဲ ?

Forex Market ဟာ ဈေး အတက်အကျ ကို ဘယ်သူကမှ ချုပ်ကိုင်ထားခြင်းမရှိပါဘူး။ နိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ၊ နိုင်ငံရေးအခြေအနေတွေ၊ ဝယ်လိုအား ရောင်းလိုအားတွေကြောင့်သာ ဈေးအတက် အကျတွေ ဖြစ်ပြီး အကန့်အသတ် မရှိ တက်နိုင်သလို အကန့်အသတ်မရှိ ကျနိုင်ပါတယ်။ ဒါကြောင့် စနစ်တကျ သင်ယူလေ့လာ လေ့ကျင့်ထားခြင်းမျိုးမရှိဘဲနဲ့ ဝင်ရောက် လုပ်ကိုင်မယ်ဆိုပါက အရောင်းအဝယ် မလုပ်တတ်၊ ဈေးကွက်ရဲ့ လားရာကို မခန့်မှန်းတတ်ဘူးဆိုရင် ရင်းနှီးထားသမျှငွေကြေးများဟာ မိနစ်ပိုင်း၊ နာရီပိုင်းအတွင်းမှာကိုဘဲ 2 ဆ 3ဆ အမြတ် ဖြစ်နိုင်သလို
Zero ဖြစ်သွားသည်အထိ ဆုံးရှုံးသွားနိုင်ပါတယ်။

ဒါကြောင့် စနစ်တကျ သင်ယူလေ့ကျင့် သင်ကြားထားခြင်းမျိုးမရှိဘူးဆိုရင် Forex Trading ကို လုံး၀ မပြုလုပ်ကြဖို့ အထူး သတိပေးချင်ပါတယ်။

💢 Forex Trading ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာကို မသိသေးသူတွေက အောက်ကလင့်မှာ ဝင်ရောက်ပြီး လေ့လာကြည့်နိုင်ပါတယ်။

https://m.facebook.com/story.php?story_fbid=1134749173401200&id=877332415809545

💢 Forex Trading ဆိုတာ ပြုလုပ်သင့်တဲ့ လုပ်ငန်းတစ်ခု ဟုတ်ပါရဲ့လား ဆိုတဲ့ အကြောင်းအရာလေးကိုတော့ အောက်ကလင့်မှာ ဝင်ရောက်ပြီး Video လေး ကြည့်ပေးပါ ခင်ဗျာ။

https://m.facebook.com/story.php?story_fbid=1137802533095864&id=877332415809545

💢 ဘာ့ကြောင့် 90% သော Forex Trader တွေဟာ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရသလဲ ဆိုတာကို အောက်က Video Link လင့်မှာ ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ပါတယ်။

https://m.facebook.com/story.php?story_fbid=1125489637660487&id=877332415809545

💢 Broker တွေ၊ Marketing သမားတွေ၊ Online ကြော်ငြာတွေရဲ့ မိတ်ဆက်ပေးမှုကြောင့် Forex Trading ကို စိတ်ဝင်စားသွားပြီဆိုရင် …..

မိတ်ဆွေ ပထမဆုံးပြုလုပ်သင့်တာက …..
✴စနစ်တကျ လေ့လာပါ။
✴သင်ယူပါ။
✴လေ့ကျင့်မှုတွေ ပြုလုပ်ရမှာပါ။

✅ Broker အများစုဟာ Free သင်တန်းတွေကို Service ပေးလေ့ရှိပါတယ်။ တက်ရောက်ပြီး လေ့လာ သင်ယူပါ။
အခြေခံသဘောတရားတွေ သိလာပါလိမ့်မယ်။

✅သင်တန်း (၃) ရက်တာ၊ (၄) ရက်တာ ကာလဟာ အလွန်တိုတောင်းလှပါတယ်။ သင်တန်း (၄/၅) ရက် တစ်ပတ်လောက် တက်ပြီးတာနဲ့ မိတ်ဆွေဟာ ပညာပြည့်စုံပြီလို့ မထင်လိုက်ပါနဲ့။

❌ Real Account ဖွင့်ပြီး ရင်းနှီးမြှုပ်နှံမယ်လို့ စိတ်မကူးလိုက်ပါနဲ့ ဦး…။ ❌

နောက်ထပ် Free or Paid သင်တန်းတစ်ခုလောက် ထပ်တက်ကြည့်လိုက်ပါဦး…..။

သင်တန်းပြီးတာနဲ့ အကောင့်တန်းဖွင့်ပြီး Trade လို့ရပြီလား ဆိုတာကို အောက်ကလင့်မှာ Video လေးနဲ့ ရှင်းပြထားပါတယ် ခင်ဗျာ။

https://m.facebook.com/story.php?story_fbid=1130237377185713&id=877332415809545

သင်တန်းတွေ ပြီးသွားပြီ ဆိုရင်တော့….. Demo လေးနဲ့ စနစ်တကျ Trade ကြည့်ပါ။ စည်းကမ်းရှိရှိ စနစ်တကျ အရောင်းအဝယ် လုပ်နိုင်ပြီလား၊ လုပ်တတ်ပြီလားဆိုတာကို ပြန် ဆန်းစစ်ပါ။ မိတ်ဆွေရဲ့ အရှုံးအမြတ် Result တွေကို ပြန် သုံးသပ်ကြည့်ပါ။ စည်းကမ်းနိုင်ပြီ Result ကောင်းပြီ ဆိုမှ Real Account ဖွင့်ပြီး Trade ဖို့ စဉ်းစားသင့်ပါတယ်။

အကယ်၍ မိတ်ဆွေဟာ Free သင်တန်းလေး (၃/၄) ရက်လောက် တက်ပြီးတော့ Real Account ဖွင့်ဖြစ်သွားတယ်။ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရတယ်……ဆိုရင်တော့….

ဒါမှ မဟုတ် …..

သင်တန်း (၃/၄) ခုလည်း စုံနေပြီ၊ လက်တွေ့လည်း ထူးခြားမှု မရှိသေးဘူး ဆိုရင်တော့….

ဒါမှ မဟုတ်…..

Free Class တွေဆီမှာလည်း အချိန်ကုန်ခံပြီး မသင်ချင်တော့ဘူး။ တစ်နေရာတည်းမှာဘဲ စနစ်တကျ နားလည် တတ်မြောက်သွားချင်တယ် ဆိုရင်တော့…..

Feed Back ကောင်းများစွာနဲ့အတူ Pure Trader စစ်စစ်များက ဦးစီး သင်ကြားပေးနေတဲ့ Sonic Generation ရဲ့ Forex & Gold Trading Basic++ Course (Mdy) ကို လာတက်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ သင်တန်းကြေး တစ်သိန်းခွဲကျပ်ဖြစ်ပါတယ်။ သြဂုတ်လ (၂) ရက်နေ့ မတိုင်မီ သင်တန်းအပ်တဲ့သူတွေအတွက် Early Bird Promotion အနေနဲ့ 108,500 ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်။ လာမယ့် သြဂုတ်လ (17) ရက်နေ့မှာ မန္တလေးမြို့အတွက် သင်တန်းစပါမယ်။
(၃) လ မှာ တစ်တန်းဘဲ ဖွင့်ပါတယ် ခင်ဗျာ။ လူပြည့်မြန်တဲ့ အတန်း ဖြစ်တာကြောင့် စောစောအပ်ထားမှ စိတ်ချရပါမယ်နော်။

✅ Forex Trading ဆိုတာ စီးပွားရေး တစ်ခုလား.. … လောင်းကစားတစ်ခုလားဆိုတာကို ထင်ထင်ရှားရှား မြင်တွေ့ နားလည်သွားဖို့ အာမခံပါတယ်။

✅ Forex Trading ကို စီးပွားရေး တစ်ခုအနေနဲ့ ပုံမှန်အမြတ်ဝင်ငွေ ရရှိအောင် ဘယ်လို ဝင်ရောက်လုပ်ကိုင်ရမလဲဆိုတာကို သေသေချာချာ နားလည် တတ်မြောက်သွားဖို့ အာမခံပါတယ်။

✴ သင်ကြားထားတဲ့အတိုင်း စနစ်တကျ လိုက်နာပါရဲ့နဲ့ ဆုံးရှုံးသွားခဲ့မယ်ဆိုရင် သင်တန်းကြေး အပြည့်အ၀ ပြန်အမ်းပေးပါမယ်။ ✴

💢 အခုမှ Forex Trading ကို စတင်ပြုလုပ်ဖို့ စဉ်းစားနေသူတွေ အထူးတက်သင့်ပါတယ်။

💢 Forex Trading ပြုလုပ်နေပြီး အရှုံးနဲ့ တဝဲလည်လည် ဖြစ်နေသူတွေလည်း အထူးတက်ရောက်သင့်ပါတယ်။

သင်ကြားမည့် အကြောင်းအရာများကတော့….

👌 Introduction to Forex Market
👌 Technical Analysis
📈 Trend
📈 Support and Resistance
📈 Candle Stick Pattern
📈 Using Indicator
👌 Fundamental Analysis
👌 Using Meta Trader 4 Application
💻 Mobile Version
💻 PC Version
👌 Risk Management
👌 Trading Psychology
👌 Basic Winning Strategy
တို့ဖြစ်ပါတယ်။

တက်မယ်လို့ စိတ်ကူးထားရင် စောစောအပ်ကြပါနော်။ ခဏလေးနဲ့ လူပြည့်တတ်လို့ပါ။ နောက်တစ်တန်းမှ တက်မယ်ဆိုရင် နောက်ထပ် (၃) လထပ်စောင့် ရပါမယ် ခင်ဗျာ 😊

သင်တန်းအချိန်

17-08-2019 (Sat) – 2:30PM – 5:30PM
18-08-2019 (Sun) – 2:30PM – 5:30PM
19-08-2019 (Mon) – 5:30PM – 8:30PM
20-08-2019 (Tue) – 5:30PM – 8:30PM

📞 ဆက်သွယ်ရန် 📞

သင်တန်းနှင့်ပတ်သက်ပြီး သင်တန်းအပ်ခြင်း၊ မေးမြန်းစုံစမ်းခြင်းများ ပြုလုပ်လိုပါက အောက်ပါ ဖုန်းနံပါတ် များသို့ ခေါ်ဆို ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ။ ဖုန်းနံပါတ် ချန်ထားပေးခြင်း၊ Chat Box မှ စုံစမ်းမေးမြန်းခြင်းများလဲ ပြုလုပ်လို့ ရပါတယ် ခင်ဗျာ 😊

Ph. 09 7840 20 646, 09 44 000 2505

Leave a Comment

Your email address will not be published. Required fields are marked *